ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆရာ၊ ဆရာမများအား ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ် သင်တန်း ဆက်လက်ပို့ချ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကျောက်တံတားခရိုင်၊ ကမာရွတ်ခရိုင်၊ မရမ်းကုန်းခရိုင်နှင့် လှည်းကူးခရိုင်တို့မှ ဆရာ၊ဆရာမ (၁၆၁) ဦးအား Grade-11/12 တက်ရောက်နေသည့် ကျောင်းသား၊ သူများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ် သင်တန်းကို အထက(၂) စမ်းချောင်းတွင် နိုဝင်ဘာ(၈)ရက်နေ့က ဆက်လက်ပို့ချလျက်ရှိခြင်းနှင့် ပတ်သက်ပြီး အလုံခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင် ဥပဒေအရာရှိ ဦးဇော်ဇော်ဟန်၊ ဆရာ၊ ဆရာမများနှင့် မြန်မာ့အသံသတင်းထောက်မျိုးမြင့်မြင့်မြတ်က တွေ့ဆုံမေးမြန်းထားပါသည်။