ရန်ကုန်တိုင်းဒေသကြီး၏ လက်ရှိရာသီဥတုအခြေအနေ

ရန်ကုန်တိုင်းဒေသကြီးတွင် နွေရာသီကာလ အပူချိန်မြင့်မားနေသော်လည်း အယ်လ်နီညိုသက်ရောက်မှု ပြင်းထန်မှုမရှိသည့်အတွက် အပူဒဏ်ကို လွန်မင်းစွာခံစားရခြင်းမရှိဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အောက်မြန်မာပြည်ဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က တွေ့ဆုံ မေးမြန်းထားပါသည်။