ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာယဉ်ကျေးမှုနှင့်အားကစားပွဲ (နဂါးလှေပြိုင်ပွဲ)တွင် မြန်မာ နိုင်ငံမှ ရွှေတံဆိပ် နှစ်ဆုရရှိ

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပခဲ့သည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ (နဂါးလှေပြိုင်ပွဲ)တွင် မီတာ(၂၀၀) ပြိုင်ပွဲနှင့် မီတာ(၅၀၀)ပြိုင်ပွဲတို့တွင် မြန်မာနိုင်ငံမှ ပထမ(ရွှေတံဆိပ်)ဆုများ ဆွတ်ခူးရရှိခဲ့ပြီး မီတာ(၂၀၀၀)ပြိုင်ပွဲတွင် နိုင်ငံ အဆင့်(၆) နေရာ သတ်မှတ်ခံခဲ့ရကာ မြန်မာနိုင်ငံကနိုင်ငံအလိုက် ပထမနေရာမှာရပ်တည်နိုင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ အားကစားသမားတစ်ဦးတို့နှင့် မြန်မာ့အသံ သတင်းထောက် ကျော်သက်အောင်က တွေ့ဆုံမေးမြန်းထားပါသည်။