သီးနှံအာမခံရယူထားသည့် တောင်သူများ၏ စိုက်ခင်းများ ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးမှုရှိပါက တစ်ဧကကို ငွေကျပ်(၁)သိန်း နှုန်းအထိ ပေးလျော်သွားမည်ဟု မြန်မာ့အာမခံလုပ်ငန်း အထွေထွေမန်နေဂျာ ဦးလွင်ဦး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နေမိုးသွင်က ဆက်သွယ်မေးမြန်းထားပါသည်။