သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲသို့ YBS ယာဉ်လိုင်းများပြေးဆွဲပေးလျက်ရှိ

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပလျက်ရှိသည့် MSME ထုတ်ကုန်သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်သို့ လာရောက်ကြမည့် ပြည်သူများ သွားလာရလွယ်ကူစေရန်အတွက် YBS ယာဉ်လိုင်းများ စီစဉ်ထားရှိမှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၊ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၊ ဈေးရောင်းပွဲတော်မှ လုပ်ငန်းရှင်များနှင့် မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က တွေ့ဆုံမေးမြန်းထားပါသည်။