သင်္ကြန်မတိုင်မီကာလ ဘုရင့်နောင်ပွဲရုံဝင်း၌ ရောင်းဝယ်မှုများကောင်းမွန်လျက်ရှိ

မြန်မာနိုင်ငံ၏ စားဖိုဆောင်စားသောက်ကုန်များရောင်းချရာ လက်ကားဈေးကြီးဖြစ်သည့် ဘုရင့်နောင်ပွဲရုံဝင်း၌ သင်္ကြန်မတိုင်မီ ယခုရက်ပိုင်းအတွင်း အနယ်နယ်အရပ်ရပ်မှ ကုန်ကားများအဆက် မပြတ်ဝင်ရောက်နေပြီး ကုန်စည် ရောင်းဝယ်ဖောက်ကားမှုများ အထူးကောင်းမွန်နေဖြင့် ပွဲရုံဝင်း၌ စည်ကားလျက်ရှိသည်နှင့်ပတ်သက်ပြီး ဘုရင့်နောင် ကုန်စည်ဒိုင်၏ ဥက္ကဋ္ဌ ဒေါက်တာမျိုးလွင်နှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေမှ တွေ့ဆုံမေးမြန်းထားပါသည်။