တိုက်ကြီးခရိုင် တဘူးလှရေလှောင်တမံတွင် တမံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

နွေစပါးစိုက်ပျိုးရေးအတွက်လိုအပ်သည့် စိုက်ပျိုးရေကို လိုအပ်ချိန်တွင် လယ်ယာမြေအတွင်းသို့ စနစ်တကျ ပေးသွင်းနိုင်ရန်နှင့် မိုးတွင်းကာလတွင် ပင်လယ်ထဲအတွင်းသို့ စီးဝင်မည့် ပိုလျှံရေများကို ထိန်းသိမ်းထားရန်အတွက် တဘူးလှ ရေလှောင်တမံအားကြံ့ခိုင်မှုရှိစေရေး တမံပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိတယ်လို့ ရန်ကုန် တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန၊ တိုက်ကြီးခရိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် သဇင်အောင်က တွေ့ဆုံမေးမြန်းထားပါသည်။