တက္ကသိုလ်များဆေးရုံ(ရန်ကုန်)တွင် သွားနှင့်ခံတွင်းလူနာများအား ရုံးဖွင့်ရက်များတွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေ

တက္ကသိုလ်များဆေးရုံ(ရန်ကုန်)တွင် တက္ကသိုလ်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အပါအဝင်အများ ပြည်သူများ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများကို အခမဲ့ လာရောက်ပြသနိုင်ရန်အတွက် သွားနှင့်ခံတွင်းရောဂါ အထူးကုဌာနတွင် နေ့စဉ်ရုံးဖွင့်ရက် မနက် (၉) နာရီမှ ညနေ (၄) နာရီအထိ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိခြင်းနှင့်ပတ်သက်ပြီး သွားနှင့်ခံတွင်းအထူးကုဆရာဝန် ဒေါက်တာ အိအိချိုနှင့် မြန်မာ့အသံ သတင်းထောက် မျိုးမြင့်မြင့်မြတ်က ဆက်သွယ်မေးမြန်းထားပါသည်။