တပ်ကုန်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနှင့် ၂၀၂၄ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလမှ စတင်ထုတ်ချေးပေးလျက်ရှိရာ ဇူလိုင် (၁၅)ရက်နေ့အထိ တောင်သူပေါင်း (၅,၂၄၀)ကို ချေးငွေကျပ်သိန်းပေါင်း (၃၄,၀၀၀)ကျော် ထုတ်ချေးပေးပြီးဖြစ်သည်ဟု တပ်ကုန်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ ဒေါ်အေမီမီခန့်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။