တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ်ကို ရန်ကုန်မြို့၌ (၅) ရက်ကြာပြုလုပ်သွားမည်

တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ် အစီအစဉ်ကို နိုဝင်ဘာ (၂၃) ရက်မှ (၂၇) ရက်နေ့ အထိ ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှု စင်တာမှာ ကျင်းပလျက်ရှိခြင်းနှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)အလုပ်အမှုဆောင် ဦးစိန်ညွန့်၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းအယ်ဒီတာချုပ် ဦးရဲနိုင်စိုး တို့နှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။