ဝ ဥကို ပြည်ပသို့ ကုန်ချောအဖြစ် တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံမှထွက်ရှိသည့် ဝ ဥ ကို ဝ ဥ အခြောက်နှင့်အမှုန့်အဖြစ် ထုတ်လုပ်ပြီး ကုန်ကြမ်းအနေဖြင့်သာ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့လျက်ရှိရာ လတ်တလောပြည်ပဈေးကွက်တွင် အနည်းငယ်ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ဝ ဥ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးကျော်သူ၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ် မေးမြန်းထားပါသည်။