YBS ယာဉ်ကြီးမောင်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄)အတွက် သင်တန်းသားများခေါ်ယူ

ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ YRTC ၏ ကြီးကြပ်မှုဖြင့် ယာဉ်မောင်းသင်တန်း ခေါ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု YBS မော်တော်ယာဉ်ကြီးမောင်းသင်တန်းကျောင်းမှ တွဲဖက်ကျောင်းအုပ် (စီမံ) ဒေါ်အေးအေးသွယ်၏ ပြောကြားချက်အရသိရသည်။ မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က ဆက်သွယ် မေးမြန်းထားပါသည်။