အမြို့မြို့အနယ်နယ်သတင်းအစီအစဉ်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ တောတောင်များ၊ ဥယျာဉ်ခြံများတွင် သဘာဝအလျောက် ပေါက်ရောက်နေသော ကြက်ပေါင်သီးပင်များအား ဆွတ်ခူးရောင်းချခြင်းဖြင့် ဒေသခံများ မိသားစုအပိုဝင်ငွေ ရရှိနေသောသတင်း၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲငယ်မှ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သည့် သတင်းအပါအဝင် စိတ်ဝင်စားဖွယ်ရာ သတင်းများအား စုစည်းတင်ပြထားပါသည်။