မန္တလေးမြို့တွင်း ရေကြီးရေလျှံမဖြစ်စေရေး ရေတွန်းစက်ရုံ(၉)ခုဖြင့် ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ထားရှိ

မိုးရာသီကာလအတွင်း မန္တလေးမြို့တွင်း ရေကြီးရေလျှံမဖြစ်စေရေးအတွက် ရေတွန်းစက်ရုံ(၉)ခုဖြင့် ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ထားသည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ ဌာနခွဲမှူး ဦးသန့်ဇင်ထွန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် အောင်ဇေယျာဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။