ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု တိုက်ကွမ်ဒိုကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ ကျင်းပ

၂၀၂၄ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား၊ အမျိုးသမီးတိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု တိုက်ကွမ်ဒိုကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ဇွန်လ (၁၃)ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမတွင် ကျင်းပခဲ့ခြင်းနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်၊ အားကစားသမားများနှင့် မြန်မာ့အသံ သတင်းထောက် ကျော်သက်အောင်က တွေ့ဆုံမေးမြန်းထားပါသည်။