ရှင်သန်ခြင်းကမ်းလက်များ အစီအစဉ်

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ(၁၀)လတာ ကာလအတွင်း မီးလောင်မှုဖြစ်စဉ်များအရ လျှပ်စစ်မီးကြောင့်လောင်ကျွမ်းမှုသည်အများဆုံးနှင့် ပေါ့ဆမှုမီးကြောင့် လောင်ကျွမ်းမှုတွင် ဒုတိယအများဆုံးဖြစ်ခဲ့ခြင်းကြောင့် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသည့်အကြောင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ အောက်တိုဘာလထိ မကွေးတိုင်းဒေသကြီးအတွင်း လေပြင်းဘေးအန္တရာယ် အများဆုံးဖြစ်ပွားခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအတွက် ငွေကျပ်သိန်းပေါင်း (၄၀၀၀)ကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း တင်ပြထားပါသည်။