ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန်လ(၆)ရက်နေ့အထိ ကျောင်းအပ်နှံသူ(၁,၁၁၆,၆၀၇)ဦးရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂,၇၅၃)ကျောင်းတွင် ကျောင်းအပ်နှံသူ (၁,၁၁၆,၆၀၇)ဦး ရှိသည့်အတွက် (၉၇)ရာခိုင်နှုန်းကျော် တက်ရောက်ပညာသင်ကြားလျက်ရှိသည်ဟု တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် သဇင်အောင်က တွေ့ဆုံမေးမြန်းထားပါသည်။