သမဝါယမဦးစီးဌာနမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် စီမံကိန်း(၃)ခု ဆောင်ရွက်နိုင်ခဲ့

သမဝါယမဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ခုနှစ်အတွင်း စီမံကိန်း(၃)ခုကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်ဟု သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က ဆက်သွယ်မေးမြန်း ထားပါသည်။