ဒီဇင်ဘာလ (၃) ရက်နေ့ မနက်ပိုင်း နိုင်ငံတကာသတင်း

ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ကြိုးပမ်းသည့်အနေဖြင့် လာမည့် ၂၀၅၀ ပြည့်နှစ်တွင် နျူကလီးယား စွမ်းအင်ကို (၃)ဆတိုးမြှင့်ရန် နိုင်ငံပေါင်း(၂၀)ကျော်က တောင်းဆိုခဲ့သည့်သတင်းနှင့် အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျ (၃)နိုင်ငံ ကာကွယ်ရေးဝန်ကြီးများသည် အင်ဒို-ပစိဖိတ်ဒေသတွင်း ဟန့်တားနိုင်စွမ်းများ တိုးမြှင့်ရန် သဘောတူခဲ့သည့်သတင်း စသောသတင်းများအပါအဝင် နောက်ဆုံးရ နိုင်ငံတကာသတင်းများကို ဒေါ်အေးကြူထွေးက တင်ပြထားပါသည်။