မဟာသင်္ကြန်ပွဲတော်ကာလအတွင်း YBS ယာဉ်များ နေ့စဉ် ပြေးဆွဲပေးမည်

မြန်မာနှစ်သစ်ကူးကာလရုံးပိတ်ရက်များတွင် ခရီးသွားပြည်သူများသွားလာမှုအဆင်ပြေစေရန် ဧပြီ (၉) ရက်မှ (၁၇) ရက်နေ့အထိ YBS ယာဉ်များ ရပ်နားခြင်းမပြုဘဲ နေ့စဉ်ပြေးဆွဲပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။