တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် ၃၀၀ရှိ

တိုကျိုမြို့မှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၃၀၀ ရှိတယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။
တိုကျိုမှာ တစ်နေ့တာကူးစက်မှု အရေအတွက်က အရင် သီတင်းပတ် အလားတူနေ့ထက် ပိုများနေတာ ၈ ရက်ဆက်တိုက် ရှိသွားပြီ ဖြစ်ပါတယ်။
အင်္ဂါနေ့အထိ ၇ ရက်တာ ပျှမ်းမျှ ကူးစက်မှုအသစ် အရေအတွက်ဟာ ၂၈၉ ဦး တစ်နည်းအားဖြင့် အရင် အလားတူ ကာလရဲ့ ၁၁၀.၄ ရာခိုင်နှုန်း ရှိနေပါတယ်။
ဒါ့အပြင် အရင် သီတင်းပတ်က ၇ ရက်တာ ပျှမ်းမျှ အရေအတွက်ထက် မြင့်တက်နေတာလည်း အင်္ဂါနေ့မှာဆိုရင် ၄ ရက်ဆက်တိုက် ရှိပြီဖြစ်ပါတယ်။
ဒီကပ်ရောဂါ စတင်ခဲ့တဲ့နောက်ပိုင်း တိုကျိုမှာ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ စုစုပေါင်း ၁၁၅,၈၈၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
Source – NHK