ဆီမီးတက်ဖို့သေချာစေခဲ့တဲ့ ပေါ်တိုကွင်းက ချဲလ်ဆီးရဲ့ဂိုးပြတ်နိုင်ပွဲ

အက်ဖ်စီပေါ်တို ၀ - ၂ ချဲလ်ဆီး
ဒီပွဲမှာ အိမ်ကွင်းဖြစ်တာနဲ့အညီ ပေါ်တိုအသင်းဟာ စကတည်က တင်ကစားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကာလတိုအတွင်းမှာ ရစ်သမ်မိနေတဲ့ ချဲလ်ဆီးကို စိန်ခေါ်ဖို့ဆိုတာကတော့ အတော်လေး အလှမ်းဝေးမဲ့ကိစ္စမျိုးပါ။ အဝေးကွင်းသွားကစားရတယ်သာဆိုတယ် ဘောလုံးပိုင်ဆိုင်မှုမှာ ချဲလ်ဆီးက ၆၀%တောင်ရှိနေပါတယ်။ မေဆင်မောင့်နဲ့ ဘန်ချီဝဲလ်ဆိုတာ လမ်းပတ်ခေတ်မှာ နေရာရလာခဲ့တဲ့ ကစားသမားတွေပါ။ ကောင်းမွေကိုဆက်ခံပြီး အသင်းကို ရလဒ်ကောင်းတွေဖန်တီးပေးနိုင်နေတဲ့ တူချယ်အနေနဲ့ လမ်းပတ်ကိုတော့ ကျေးဇူးတင်ရမှာ အမှန်ပါပဲ။ အပြာရောင်တပ်သားတွေကတော့ အဝေးကွင်းသွားကစားရတယ်ဆိုပေမဲ့ ရှိန်မနေပဲ ကိုင်လ်ဟာဗက်၊ တီမို ဝါနာတို့ကလည်း အတိုးအလှုပ်တွေနဲ့ပါ။ ၃၂မိနစ်မှာ မေဆင်မောင့် ဦးဆောင်ဂိုးစသွင်းခဲ့ပြီး၊ ၈၅မိနစ်မှာ ဘန် ချီဝဲလ်က ဒုတိယဂိုးကိုသွင်းယူခဲ့ပါတယ်။
Source – AFP
ကြာသပတေးနေ့, ဧပြီလ 08, 2021