ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ အာဆီယံ-ကိုးရီးယား ရန်ပုံငွေဖြင့် မေယု FM Radio များအား ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ အာဆီယံ-ကိုးရီးယား ရန်ပုံငွေဖြင့် မေယု FM Radio များအား ထောက်ပံ့ပေးအပ်
စစ်တွေ ဇူလိုင် ၃၀
မြန်မာနိုင်ငံက အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦးလိုအပ်ချက် အစီရင်ခံစာ အရ နေရပ်စွန့်ခွာသူများအားပြန်လည်လက်ခံရေးလုပ်ငန်းစဉ်၏ ဦးစားပေးစီမံကိန်း (၇)ခု အနက် ရခိုင်ပြည် နယ် အတွင်းရှိ ဘင်္ဂလီဘာသာစကားအသုံးပြုသူများအား မေယု FM ရေဒီယို အစီအစဉ်များကို နားဆင်နိုင်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိပါသည်။
အဆိုပါ လုပ်ငန်းစဉ်အရ ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ် အတွင်းရှိ ဘင်္ဂလီ ဘာသာ စကားအသုံးပြုသူများအားThe ASEAN-ROK Fund on the Repatriation of Displaced Persons in Rakhine State ရန်ပုံ ငွေဖြင့် FM Radio များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ် ရွှေဇားဂုံးနားကျေးရွာ ၊ မြို့မ ကညင်တန်း ရပ်ကွက် ၊ ပန်းတောပြင်ကျေးရွာ နှင့် ရသေ့တောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ခရိုင်ဦးစီးအရာရှိ ဦးဇော်ဇော်ဆန်း က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက် ရေးအတွက် အာဆီယံ နှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများ အကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းကာ ပထမအဆင့် ဦးစီးပေးစီမံကိန်း(၇)ခုအား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အရ ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော-ဘူးသီးတောင်-ရသေ့တောင် မြို့နယ်များတွင် နေထိုင်သည့် ဘင်္ဂလီဘာသာစကား အသုံးပြုသူများ အနေဖြင့် လက်ရှိ နိုင်ငံတော်၏ ပကတိအခြေအနေမှန်များ၊ နိုင်ငံတော်အစိုးရ ၏ တရားဉပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက် နေမှု များ ၊ တရားဉပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကို အထောက် အကူ ဖြစ်စေရေးတို့ကို ဒေသခံများသိရှိ နိုင်ရေး၊ အသိပညာဗဟုသုတများ နှင့် သတင်း အချက် အလက်များအား အချိန် နှင့် တစ်ပြေးညီ သိရှိနိုင်ရေးအတွက် မေယု FM ရေဒီယို အစီအစဉ်များကို ထုတ်လွှင့်လျက်ရှိသည့် အခြေအနေများ၊ ရေဒီယိုများ ဖြန့်ဝေ ပေးမှု အခြေအနေများအား ရှင်းလင်း ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးကျော်သူဝင်း၊ ခရိုင်လူဝင်မှုကြီး ကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲလွင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ဝင်းထွဋ် ၊ ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ခရိုင်ဦးစီးအရာရှိ ဦးဇော်ဇော်ဆန်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်လွင်ဌေး တို့က မေယု FM Radio များကို ကျေးရွာများရှိ ပြည်သူလူထုများ လက်ဝယ် ရောက် ဖြန့်ဝေပေးခဲ့ကြပြီး ကျေးရွာတာဝန်ခံများမှ ကျေးဇူတင်စကားပြောကြားခဲ့ကြောင်းသိရသည်။
မောင်တောမြို့နယ်အတွင်းရှိ မေယု FM Radio များ ဖြန့်ဝေရာတွင် ရပ်ကွက်/ကျေးရွာ (၃၆)အုပ်စုရှိ ဘင်္ဂလီ ဘာသာ အသုံးပြုသူများအတွက် အိမ်ထောင်စု တစ်စုလျှင် တစ်လုံးနှုန်းဖြင့် မေယု FM Radio(၁၅၀၀၀)လုံးအား ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အလားတူ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်း စဉ်အရ မေယု FM ရေဒီယိုများ ဖြန့်ဝေပေးခြင်းကို ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ရသေ့တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနိုင်လင်းထက်က အမှာစကား ပြော ကြားပြီး ရသေ့တောင်မြို့နယ်အတွင်းရှိ ဘင်္ဂလီ ဘာသာစကားအသုံးပြုသည့် ကျေးရွာအုပ်စုများသို့ မေယု FM ရေဒီယို များဖြန့်ဝေပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စံထွန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး များထံသို့ ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
ရသေ့တောင်မြို့နယ်အတွင်း မေယု FM ရေဒီယိုများဖြန့်ဝေပေးရာတွင် ကျေးရွာအုပ်စု(၅)အုပ်စုရှိ ဘင်္ဂလီ ဘာသာစကား အသုံးပြုသူများအတွက် မေယု FM ရေဒီယို (၁၆၀၀)လုံးအား ဖြန့်ဝေပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)