ယူနိုက်တက်အသင်းအတွက် တစ်လအတွင်း အသင်း (၃)သင်းနှင့် ယှဉ်ပြိင်ကစားမဲ့ ရော်နယ်ဒို

ယူနိုက်တက်အသင်းအတွက် တစ်လအတွင်း အသင်း (၃)သင်းနှင့် ယှဉ်ပြိင်ကစားမဲ့ ရော်နယ်ဒို

စနေ့နေ့ည (၈)နာရီမှာတော့ မန်ချက်စတာယူနိုက်တက်အသင်း နှင့် နယူးကာဆယ် ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အခုအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်မှ ထွက်ခွာပြီး အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းထံ ပြန်လည်ရောက်ရှိခဲ့ပြီး နယူးကာဆယ်နှင့် ယှဉ်ပြိုင်ကစားဖို့ မနက်ဖြန်ဆိုရင် အသင်းဖော်တွေနှင့် လေ့ကျင့်ဖို့ ရှိနေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ နယူးကာဆယ်နှင့် ပွဲပြီးရင် ယန်းဘွိုင်းစ်နှင့် ချန်ပီယံလိဂ် ဝက်စ်ဟမ်း၊ ဗီလာတို့နှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ရဖို့ရှိနေပါ တယ်။
ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပထမအကြိမ်ကစားတုန်းက နယူးကာဆယ်အသင်းနှင့် တွေ့တိုင်း ရလဒ်ကောင်းတွေ ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းနှင့် ဗီလာ အသင်းတို့ဟာ ရော်နယ်ဒိုအတွက် ဂိုးသွင်းလွယ်ပြီး ခြေစွမ်းပြနိုင်တဲ့ပွဲတွေဖြစ်ပါတယ်။