ပန်းတော်ဝင် အငြိမ့်ဖျော်ဖြေပွဲ ပွဲစဉ်(၁)၁၈-၉-၂၀၂၁(စနေနေ့)တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည်။

ပန်းတော်ဝင် အငြိမ့်ဖျော်ဖြေပွဲ ပွဲစဉ်(၁)တွင် စတားဗိုလ်လှိုင်း (မြန်မာ့အသံဆိုင်းဝိုင်းကြီး)၏ တီးခတ်မှုနှင့် အတူ ခေါင်းဆောင်မင်းသမီး မေသဲထိုက် ၊ ရှေ့ထွက်မင်းသမီး ချောသစ္စာဝေတို့နှင့် လူရွှင်တော်များဖြစ်ကြသည့် ရွှေအိုး၊ ဝိုင်းချစ်၊ ကောင်းကျော်၊ စူပါ တို့က ပါဝင်ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး ၎င်းပွဲစဉ်(၁)အား ၁၈-၉-၂၀၂၁(စနေနေ့)တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည်။