မလေးရှားနိုင်ငံတွင် လာမည့်ဒီဇင်ဘာအတွင်း နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် စီစဉ်

စက်တင်ဘာ ၃

မလေးရှားနိုင်ငံမှာ လာမည့်ဒီဇင်ဘာလအတွင်း နိုင်ငံခြားခရီးသွားများအတွက် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ် ပေးဖို့အတွက် စီစဉ်နေကြောင်း သိရပါတယ်။

ဒီဇင်ဘာအတွင်း နိုင်ငံရှိ အရွယ်ရောက်ပြီးသူ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးရန်လည်း မျှော်မှန်းထားပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့ကအထိ အရွယ်ရောက်ပြီးသူ လူဦးရေရဲ့ ၈၇.၂ ရာခိုင်နှုန်း ကာကွယ်ဆေး အပြည့်အဝထိုးပေးပြီးဖြစ်ပြီး၊ ၉၄.၃ ရာခိုင်နှုန်းက ပထမအကြိမ် ကာကွယ်ဆေး ထိုးပြီးဖြစ်ကြောင်း သိရပါတယ်။

Source;Bangkok Post