(NCA) ချုပ်ဆိုခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က Video Message ဖြင့် ပြောကြားမည့်မိန့်ခွန်း အပြည့်အစုံအား ထုတ်လွှင့်ပြသသွားမည်

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က Video Message ဖြင့် ပြောကြားမည့်မိန့်ခွန်း အပြည့်အစုံအား မြန်မာ့ရုပ်မြင်သံကြား MRTV ၊ MRTV NRC ၊ မြန်မာ့အသံရေဒီယို၊ MRTV Live Stream ၊ မြဝတီရုပ်မြင်သံကြား MWD ၊ MWD Variety ၊ MWD Movies၊ MWD Education ၊ Knowledge and Sport MWD Family ၊ MWD Documentary ၊ MWD Shopping တို့နှင့် သဇင် FM တို့တွင် အခမ်းအနားကျင်းပချိန် နံနက် (၉)နာရီ၌ တစ်ပြိုင်တည်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။