မန်တုံတွင် ကချင်နှစ်ခြင်းအသင်းတော်က ကြီးမှူး၍ နှစ်သစ်ကူး ဘော်လုံးပြိုင်ပွဲကျင်းပ

မိုင်းနော;ဒါင်း၊ မားနဂါး၊ ဇန်နဝါရီ ၂ဝ ရက်၊ မန်တုံ။

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်သည့် မန်တုံမြို့နယ်တွင် ကချင်နှစ်ခြင်းအ သင်းတော်က ကြီးမှူး၍ နှစ်သစ်ကူးဘော်လုံးပြိုင်ပွဲကို ၂ဝ၁၉ ခု ဇန်နဝါရီလ ၁၃ ရက်တွင် စတင်ကျင်းပခဲ့ပါသည်။

လီဆူလူငယ်၊ တအာင်းလူငယ်၊ ပညာရေး၊ ဝန်ထမ်းပေါင်းစုံ၊ ဂျိန်းဖော၊ မီးသတ်၊ EPC နှင့် မန်ကန်လူငယ်အသင်း စ သည့်အသင်း (၈)သင်းက ပါဝင်ယှဉ်ပြိုင်ပြီး အသင်းဝင်ကြေးကိုမူ တစ်သင်းလျှင် နှစ်သောင်းကျပ်ပေးသွင်းရသည်ဟု တအာင်းလူငယ်အသင်း၏ နည်းပြဖြစ်သူ မိုင်းအောင်မိုးက ပြောသည်။

နှစ်ခြင်းအသင်းတော်မှ အားကစားပိုင်းဆိုင်ရာ တာဝန်ရှိတစ်ဦးဖြစ်သည့် ကိုစောရန်နိုင်က “အဓိက ရည်ရွယ်ချက်က တော့ ကျန်းမာရေးနဲ့ မန်တုံမှာရှိတဲ့ လူငယ်အချင်းချင်း ပိုမိုရင်းနှီးမှု ရှိလာစေဖို့ဘဲ ဖြစ်ပါတယ်။ ကန့်သတ်ချက်တော့ မထားပါဘူး။ အသင်းအုပ်ထိန်းသူနဲ့ နည်းပြက သူ့အသင်းသူထိန်းနိုင်ရင် ဝင်ပြိုင်လို့ ရတယ်” ဟု ၎င်းက ဆိုသည်။

ဘော်လုံးပြိုင်ပွဲကို မန်တုံမြို့မ အားကစားကွင်းတွင် ဇန်နဝါရီ ၁၃ ရက်မှ စတင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး လာမည့်ဇန်နဝါရီ ၂၁ ရက်၌ မီးသတ်အသင်းနှင့် လီဆူလူငယ်အသင်းက ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ကာ ဆုကြေးကို အသင်းတော်နှင့် ပြန်လည်တိုင်ပင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ဘော်လုံးပြိုင်သည် ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး လက်ရှိပြိုင်ပွဲ ကောင်းမွန်စွာ ပြီးဆုံးမည်ဆိုပါက နောက်နှစ်များမှာလည်း ကျင်းပသွားရန် ရှိသည်ဟု တာဝန်ရှိသူများက ပြောပါသည်။

ဓာတ်ပုံ- Mai Goung Jar