သဘာဝ အခမဲ့ ဆေးရုံမှာ ဆေးကုကြသူများ

မိုင်းအနိုင်၊ မားနဂါး။

ဆေးရုံတော့ မဟုတ်ပါဘူး။ ရေပူစမ်းပါ။ ဒီရေပူစမ်းကို ဆေးရုံနဲ့ခိုင်းနှိုင်းတာ အကြောင်းရှိပါတယ်။ ဒီရေပူစမ်းမှာ တစ် နေ့တစ်ခါ စိမ်ခြင်းအားဖြင့် လေဖြတ်ခြင်း၊ အနာကြီးရောဂါတွေ ပျောက်စေနိုင်တယ်လို့ ယုံကြည်နေကြခြင်းဘဲ ဖြစ်ပါ တယ်။ ဒါကြောင့်လည်း ဆေးလာကုတဲ့ သဘောနဲ့ လချီ လာရောက်နေထိုင်တာတွေ အများအပြားရှိနေပါတယ်။ အဲထဲ မှာမှ အများဆုံးက မန်တုံ၊ နမ့်ဆန်က သက်ကြီးရွယ်အိုတွေ၊ လေဖြတ်သူတွေ ဖြစ်ကြပါတယ်။

ဒီရေပူစမ်းက နမ့်ဆန်မြို့နယ်က ဟူးခင်ရွာနဲ့မန်စပ်ကျေးရွာကြား တောင်အောက်နားလေးမှာ ရှိတာပါ။ ရေပူစမ်းရဲ့ တမူ ထူးခြားမှုကြောင့် အနီးအနားရှိကျေးရွာတင်မက ဝေးကွာလွန်းတဲ့ မြို့ပေါ်၊ ကျေးရွာတွေက ဒေသခံတွေပါ ဒီရေပူစမ်းမှာ ရေလာစိမ်ကြပါတယ်။

အထူးသဖြင့် ၁၂ လရာသီလုံး ချမ်းအေးတဲ့ ဒီတောင်ပေါ်မှာ ဒေသခံတွေအတွက် အခမဲ့ဇိမ်ခံဖို့ အထူးသင့်တော်တဲ့ နေ ရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုဆောင်းရာသီမှာဆိုရင် နေရာအနှံ့က ဒေသခံတွေနဲ့ ပိုစည်ကားနေပါတယ်။ ရေပူစမ်းမှာ တဲလေးတွေ ထိုး ပြီး နေထိုင်တာတွေ၊ ကားကိုယ်စီနဲ့ စားသောက်ဖွယ်ရာနဲ့ လာရောက် အပန်းဖြေတာကို မြင်တွေ့ရမှာပါ။

ရေပူစမ်းတည်ဆောက်ပုံလည်း ထူးခြားပါတယ်။ ရေစိမ်ဖို့ မိန်းကလေးအတွက်နဲ့ ယောကျာ်းလေးအတွက်ဆိုပြီး ကန် ၂ ကန်နဲ့ ဖွဲ့စည်းထားပါတယ်။ သဘာဝရေပူပိုက်နဲ့ ရေအေးလာတဲ့ဘက်ဆိုပြီး ခွဲခြားထားပါတယ်။ ရေစိမ်သူအဖို့ ရေပူ၊ ရေ အေးကို မျှတစွာထည့်ပြီး စိမ်နိုင်ပါတယ်။

အထူးအခြားဆုံးကတော့ ချွေးထုတ်ခန်းဆိုပြီး သီးသန့်ရှိတာဘဲဖြစ်ပါတယ်။ ပွက်ပွက်ဆူနေတဲ့ ရေပူစမ်းစထွက်တဲ့ နေ ရာ ၂ ခုရဲ့ အပေါ်မှာ အခန်းကို လုံအောင်တည်ထောက်ထားပါတယ်။

အဲဒီရေပူပေါ်မှာမှ လူတွေထိုင်နိုင်ဖို့ သစ်သားပြားတွေ ခင်းထားပါတယ်။ ရေပူစမ်းထဲကို တောထဲက ထွက်တဲ့ သဘာဝ ဆေးသစ်ရွက်တွေကို စိမ်ပေးထားပါတယ်။ ရေပူကထွက်လာတဲ့ ရေငွေ့နဲ့ အဲဒီအခန်းထဲမှာ ၅ မိနစ်နေရုံနဲ့ ချွေးတွေ ထွက်လာမှာဖြစ်ပါတယ်။

ဒါကလည်း မိန်းကလေး၊ ယောကျာ်းလေး အခန်းဆိုပြီး ၂ ခန်းခွဲထားပါတယ်။ ရေမချိုးခင် ဒီချွေးထွက်ခန်းမှာ ချွေးထုတ် ခြင်းအားဖြင့် ကိုယ်တွင်းက ညောင်းညာကိုက်ခဲခြင်း၊ အနာဘယရောဂါတွေကို ပျောက်စေနိုင်တယ်လို့ ဒေသခံတွေက တော့ ယုံကြည်ကြပါတယ်။

ရေပူစမ်းလာရောက်လည်ပတ်သူတွေ နားနေနိုင်ဖို့ စားသောက်ဆိုင်တွေ ရှိသလို၊ သံဃာတော်နားနေတည်းခိုနိုင်ဖို့အ တွက် အဆောက်အဦးတစ်လုံး တည်ဆောက်ပေးထားပါတယ်။ လာရောက်တည်းခိုလိုသူတွေအတွက် ယာယီတဲလေး တွေလည်း တည်ဆောက်ပြီး နေနိုင်ပါတယ်။ အချို့က ကားထဲမှာ တည်းထိုးပြီးလည်း နေကြပါတယ်။

ဒီရေပူစမ်းမှာ လာရောက်လည်ပတ်သူအများစုဟာ ကြက်ဥ၊ ငုံးဥနဲ့ အသင့်စားခေါက်ဆွဲတွေ ယူလာတတ်ကြပါတယ်။ ယူလာတဲ့ အစားအသောက်တွေ ချက်ပြုတ်ဖို့အတွက် မီးဖိုသီးသန့်မွေးပြီး လုပ်စရာမလိုပါဘူး။

ရေပူထွက်တဲ့နေရာမှာဘဲ ကြက်ဥပြုတ်ခြင်း၊ ခေါက်ဆွဲပြုတ်ခြင်းတွေကို လုပ်ဆောင်နိုင်ပါတယ်။

ဒါကြောင့်မို့လည်း အားလပ်ရပ်ဖြစ်တဲ့ ဥပုဒ်တွေလို၊ ရက်ကောင်းရက်မြတ်နေ့တွေမှာ တအာင်း၊ ကချင်၊ တရုတ်တွေနဲ့ စည်ကားနေကြပါတယ်။

ဓာတ်ပုံ- မိုင်းအနိုင်၊ မားနဂါး