၂၇ နှစ်ကြာ ရပ်ဆိုင်းခဲ့သည့် ရှမ်းနီသမိုင်းဝင် ကင်းစေတီဘုရားပွဲပြန်လည်ကျင်းပမည်

နောင်ပူအောင်စံပြကျေးရွာရှိ ကင်းစေတီကို ဇန်နဝါရီလက တွေ့ရစဉ်
နောင်ပူအောင်စံပြကျေးရွာရှိ ကင်းစေတီကို ဇန်နဝါရီလက တွေ့ရစဉ်

နှစ်ပေါင်း၂၇နှစ်ကြာရပ်ဆိုင်း ထားခဲ့ရသော ကင်းစေတီဘုရားပွဲ ကို  ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ(၁) ရက်နေ့ထိ သုံးရက်တိုင် ပြန်လည်ကျင်းပမည်ဖြစ် ကြောင်းပွဲဖြစ်မြောက်ရေး ကော်မ တီထံမှသိရသည်။
 '' ဒီကင်းစေတီဘုရားဟာ သာမန်မဟုတ်ဘူး ရှမ်းနီတွေရဲ့ သမိုင်းဝင်စေတီဘုရားများထဲက တစ်ဆူ ဖြစ်တဲ့အတွက် ပွဲတော်ကို တော့ မဖြစ်လို့မကောင်းသေးဘူးဆိုပြီးတော့ တိုင်ပင်ဆွေးနွေးလို့ ရံပုံငွေကို အလှူခံပြီးရှာကြတယ် ကျေးရွာများ၏ဝိုင်းဝန်းကူညီ ဆောင် ရွက်မှုကြောင့်လုပ်ဖြစ်သွားတာ " ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင့်လွင်ကပြောသည်။              
 အဆိုပါ ကင်းစေတီဘု ရားပွဲ နှစ်ပေါင်းများစွာကျင်းပ နိုင်ခဲ့ခြင်းမရှိခြင်းသည်ပွဲ မိန် ့ ပိတ် ပင်ထားခြင်းမဟုတ်ဘဲ၊ လုံ ခြုံရေးအားနည်းမှုများကြောင့် ကျင်းပနိုင်ခြင်းမပြုခဲ့ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
 " ဟိုတုန်းကကြုံခဲ့သမျှ တော့ အရမ်းပျော်ဖို့ကောင်းပါတယ် နယ်အစုံကလူတွေလည်းပွဲတော် ကျရင် လာကြတယ်လေ ပွဲတော်မဖြစ် ခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ တပေါင်းလရောက်တိုင်း ကင်းစေတီဘုရားပွဲကြီးကိုတော့မျှော်ခဲ့ရတာပေါ့ " ဟု နားမော်ကျေးရွာမှ ဦးသောင်းတန်ကပြောသည်။
 အဆိုပါပွဲတော်ပြန် လည် ကျင်းပနိုင်ခြင်းကြောင့် ဝမ်းသာပျော်ရွှင်ရသော်လည်း လူငယ်များ၏ မှုးယစ်သောက်စား ပြဿနာဖြစ်မည်ကိုအဓိကစိုးရိမ် နေရကြောင်း ၄င်းကဆက်ပြော သည်။
 " လုံခြုံရေးပိုင်းကိုတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ် ပြီး တော့တိုင်ပင်ထားတယ် နောက် ထပ် အစည်းဝေးပြန်လုပ်ရဦးမှာ တစ်ရွာကို ၁၀ယောက်နှုန်းတော့တွက် ထားတယ်ရွာကြီးရင်ကြီးသလိုပေါ့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း အကူညီတောင်းထားတယ်" ဟု ဦးတင့်လွင်ကပြောသည်။
ဟုမ္မလင်းမြို့နယ်နောင်ပိုအောင် စံပြကျေးရွာ တောရကျောင်းအနီးတွင် တည်ထားကိုးကွယ်ခဲ့သော ကင်းစေတီဘုရားကြီးသည်သီရိဓမ္မာသောကမင်းကြီးက  ဘုရာရှင်၏ ဓာတ်တော်များဖြင့်စေတီပေါင်းရှစ်သောင်းလေးထောင်၊ရေကန် ပေါင်း ရှစ်သောင်းလေးထောင်၊ ကျောင်းပေါင်းရှစ်သောင်း လေး ထောင် သာသနာပြုသော အခါ ရှမ်းနီလူမျိုးများနင့်သာကီဝင်လူ မျိုးများနေထိုင်ရာနေရာ လက်ရှိ ကင်းစေတီရှိရာသို ဟန်းသာများ သာသနာပြုကြွရောက်လာကာ တည်ထားကိုးကွယ်ခဲ့ကြောင်း၊ရှမ်းနီလူမျိုးများကသာကီဝင်မျိုး နွယ်စုများ ကိုဘုရားရှင်၏နွယ် တော်များအဖြစ်ယုံကြည်ကြပြီး ၄င်းတို့ကို ရှမ်းနီဘာသာစကားဖြင့် (ကမ်းရံ) လူမျိုးများဟုခေါ်ကာ ရိုသေလေးစားကြသည်။ သီရိဓမ္မသောကသာသနာပြုတည် ထားကိုးကွယ်ထားသော စေတီကို ရှမ်းနီများက သာကီဝင်မျိုးနွယ်စု (ကမ်းရံ) ကို အမှီပြုကာစေတီကမ်းရံဟုခေါ်တွင်ခဲ့ရာမှ နောက် စေတီကမ်းဟုခေါ်တွင်လာခဲ့သည် ။
ထို့နောက် အေဒီ ၆၃၃ခုနှစ် တွင် မိုးကောင်းမင်းတရားကြီးသည် ထိုစေတီအားပြန်လည်ပြုပြင်မွန်း မံခဲ့ပြီး လူမျိုးခြားများ၏ရန်ကို ကာကွယ်နိုင်ရန် ကင်းတပ် များချထားခဲ့ရာတွင်အစွဲပြုကာ စေတီကမ်းမှ ကင်းစေတီ ရှမ်းနီဘာသာဖြင့်(စေတီကန်း)ဟုခေါ်တွင်လာခဲ့ခြင်းဖြစ်ကြောင်း ကင်းစေတီ (စေတီကန်း) သမိုင်း မှတ်တမ်းများ အရသိရသည်။