မြန်မာ့ရာဘာစိုက်တောင်သူများ ဈေးနှုန်းကျဆင်းမှု ၊ လုပ်သားရှားပါးမှုများကြုံနေရ

မိုးညှင်းမြို့နယ် ရှိ ရာဘာစိုက်ခင်းတစ်ခုအတွင်း ရာဘာစေးခြစ်နေသည့် အလုပ်သမားတစ်ဦးကိုတွေ့ရစဉ်
မိုးညှင်းမြို့နယ် ရှိ ရာဘာစိုက်ခင်းတစ်ခုအတွင်း ရာဘာစေးခြစ်နေသည့် အလုပ်သမားတစ်ဦးကိုတွေ့ရစဉ်

မြန်မာနိုင်ငံအထက်ပိုင်းဒေသများရှိ ရာဘာစိုက်တောင်သူများသည် ဈေးနှုန်းကျဆင်းမှုနှင့် လုပ်သားရှားပါးမှုများ ကြုံနေရကြောင်း ၄င်းတို့ထံမှ စုံစမ်းသိရှိရသည်။
မြန်မာ့ရာဘာဈေးနှုန်းများသည် ယခင်လများထက် ဈေးနှုန်းကျဆင်းလာကြောင်း ရာဘာကုန်သည် ဒေါ်ရန်ရှီသင်းကပြောသည်။

“သောကြာနေ့တုန်းကဆို ၈၁၀ ကျပ်ရှိတယ် မန္တလေးဈေးနိဝင်ဘာလတုန်းကဆို၈၇၅ကျပ်ရှိတယ် ခုလကရာဘာဈေးထိုးကျလာတယ်”ဟု ၄င်းကဆိုသည်။
ကမ္ဘာ့ရာဘာအသုံးပြုမှု၏ (၇၃) ရာခိုင်နှုန်း မှာ ရေနံမှထုတ်လုပ်သောရာဘာကိုအသုံးပြုကြပြီး ရာဘာအစစ်အသုံးပြုမှုမှာ(၂၇) ရာခိုင်နှုန်း ရှိသဖြင့် ရေနံဈေးကျဆင်းမှုကြောင့် ရာဘာဈေးပါကျဆင်းခြင်းဖြစ်နိင်ကြောင်း မိုးညင်းမြို့နယ်မှရာဘာစိုက်ပျိုးသူဦးဝင်းမြင့်ဦးကပြောသည်။
“ကျွန်မတို့အနေနဲ့အဓိကတင်ပို့ရောင်းချတာတရုတ်နိင်ငံကိုဖြစ်တယ်အများဆုံးကတော့ မိုင်ခံအဆင့်နံပါတ်သုံးပေါ့ခက်တာကကမ္ဘာ့ဈေးကွက်ကျရင် ဒီဘက်ဈေးမြန်မြန်ကျတယ် ဈေးတက်ရင်တော့ ဖြည်းဖြည်းလေးပဲယခင်နှစ်နဲ့ဒီနှစ်ကဈေးမမှန်ဆုံးဘဲအယင်နှစ်တွေကဆိုမှန်တယ် “ဟု ဒေါ်ရန်ရှီုသင်းကပြောသည်။
မြန်မာနိုင်ငံ အထက်ပိုင်းဒေသဖြစ်သည့် ဟုမ္မလင်းမြို့နယ်တွင် ရာဘာစိုက်ဧကရှစ်ထောင်ကျော်ရှိပြီး မိုးညှင်းခရိုင်တွင် ရာဘာစိုက်ဧကတစ်သောင်းကျော်စိုက်ပျိုးကာ မန္တလေးသို့ အဓိကတင်ပို့ရောင်းချကြကြောင်းသိရသည်။
“ အဓိကတင်ပို့တာက မန္တလေးကိုအမြင့််ဆုံးဈေးကတစ်ပေါင်ကို ၁၂၀ဝကျပ်အထိ ရောင်းရတယ်ဒီနှစ်ဈေးနှုန်းရာဘာဖွင့်ဖွင့်ချင်းကိုးရာလောက်ရှိခဲ့တယ် ခုရှစ်ရာပဲရှိတော့တယ် ပုံမှန်တော့မရှိပါဘူးအဓိကကတော့ တရုတ်ကပဲတရုတ်ကဈေးပေးမှရမှာတရုတ်က မြန်မာနိုင်ငံကဝယ်တဲ့ဟာဆိုဈေးဘယ်လောက်ကောင်းကောင်း နံပါတ်၃အဆင့်လောက်ပဲပေးတယ် အဆင့်နံပါတ်၁ဆိုလည်း နံပါတ်၃ဆင့်ပဲပေးတယ် “ ဟုဟုမ္မလင်းမြို့နယ် ရာဘာစိုက်ပျိုးသူဦးသန်းလင်းကပြောသည်။

ရာဘာဈေးကျလာခြင်းကြောင်းအသေးစားရာဘာစိုက်ပျိုးသူများရာဘာစေးအလုပ်သမားရှားပါးလာပြီးအဆင့်မှီရာဘာစေးများထုတ်လုပ်ရန်လည်းအခက်ခဲဖြစ်ရကြောင်းဦးဝင်းမြင့်ဦးကပြောသည်။
 “ ဈေးမရတော့ အဆင်ပြေသလိုပဲလုပ်နေရတော့တာ အခုကအဆင့်မီအောင် လုပ်ဖို့မရှိသေးဘူးအစေးဖြစ်အလုပ်သမားတွေ တော်တော်လေးရှာယူနေရတယ် “ဟု ၄င်းကဆက်ပြောသည်။
မြန်မာနိုင်ငံ၏ ရာဘာထုတ်လုပ်မှု (၈၀) ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့တင်ပို့ ထိုမှသာ ထိုင်းနိုင်ငံ ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့ကြောင်းသိရသည်။
  အောက်တိုဘာလအတွင်းတွင် မြန်မာ့ရာဘာကို တရုတ်နိုင်ငံသို့ တန် ၇၀ဝ ကျော် တင်ပို့ခဲ့ပြီး ၊ မြန်မာ-ထိုင်း နယ်စပ်ဂိတ်မှ တန် ၄၆၀ တင်ပို့ခဲ့ကာ စက်တင်ဘာလအတွင်းတွင် တန် ၁၀၇၇ တန် တင်ပို့ခဲ့ကြောင်း အစိုးရဌာနအချက်အလက်များအရ သိရသည်။