တနင်္သာရီတိုင်းအတွင်း အမှုကြီးဖြစ်ပွားမှု နှစ်ဆတက်

ရဲတပ်ဖွဲ့၏ မှုခင်းကျဆင်းရေး ရွှေ့လျားပညာပေးယာဉ်ကို တွေ့ရစဉ်
ရဲတပ်ဖွဲ့၏ မှုခင်းကျဆင်းရေး ရွှေ့လျားပညာပေးယာဉ်ကို တွေ့ရစဉ်

ယမန်နှစ် ငါးလနှင့် ယခုနှစ် ငါးလတာ နှိုင်းယှဉ်ထားခြင်း ဖြစ်သည်။

|Dawei Watch| ထားဝယျ၊

တနင်္သာရီတိုင်းအတွင်း လူသတ်မှု၊ မုဒိမ်းမှု ကဲ့သို့ အမှုကြီး ဖြစ်ပွားမှုနှုန်းမှာ ယမန်နှစ်ထက် နှစ်ဆတက်လာကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလတာ ကာလအတွင်း အမှုကြီး ၁၅ မှု ဖြစ်ခဲ့ရာမှ ၂၀၁၇ ခုနှစ် ပထမ ငါးလတာ ကာလတွင် ၃၉ မှု အထိ ရှိလာကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ထိုသို့တိုးလာခြင်း အကြောင်းရင်းကိုမူ တိတိကျကျ မသိရသေးပေ။

၂၀၁၆ ခုနှစ် ပထမ ၅ လတာကာလအတွင်း လူသတ်မှု ၁၁ မှုနှင့် မုဒိမ်းမှု ၄ မှု ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ကာလတူ ၅ လတွင် လူသတ်မှု ၁၇ မှုနှင့် မုဒိမ်းမှု ၂၀ မှု အထိ ရှိလာကြောင်း တိုင်းရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့အတူ ကြိုတင်ကာကွယ်မှုတွင် ပါဝင်သည့် မူးယစ်ဆေးဝါးအမှုတွင်လည်း ယမန်နှစ် ပထမ ငါးလတာကာလတွင် ၁၉၃ မှု ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင်မူ ၂၃၄ မှုအထိ ရှိလာခဲ့သည်။

 

၂၀၁၆ ခုနှစ်ဇန်နဝါရီလမှ မေလအထိနှင့် ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှ မေလအထိ အမှုကြီးများ နှိုင်းယှဉ်ချက်
                              

                               ၂၀၁၆ ခုနှစ်     ၂၀၁၇ ခုနှစ်
လူသတ်မှု                 ၁၁                   ၁၇
လုယက်မှု           -                                ၁
မုဒိမ်းမှု                       ၄                  ၂ ၀
ဖောက်ထွင်းမှု    -                             ၁