“နို့သက်ခံပြီးတော့ လုပ်ကိုင်လာတဲ့လုပ်ငန်းသဘောသဘာဝက အမြစ်တွယ်နေတယ်၊ အစိုးရအခွင့်အရေးပေးမှ လုပ်ကိုင်နိုင်ဆိုတဲ့ အတွေးတွေကို ပြောင်းလဲသင့်ပြီ”

သို့သော်နိုင်ငံကိုတာဝန်ယူနေရတဲ့ခေါင်းဆောင်တွေကတော့ စီးပွား ရေးတစ်ခုတည်း ကွက်ကွက်လေးကြည့်လို့မရဘူး ပေါ့နော်။ နိုင်ငံသူနိုင်ငံသားတွေရဲ့ အရေးကိစ္စ အားလုံးကိုကြည့်ရတာ။ ဒီမှာ ကျွန်တော်တို့လုပ်နေ တာကအစိုးရသွားနေတာက Peace Process သည်ဒီမိုကရေစီဖြစ်တယ်။ ပြီးတော့ ငြိမ်းချမ်း ရေး သာယာဝပြောရေး နောက် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး ဒီသုံးချက် ကိုဆောင်ရွက်နေတာဖြစ်တယ်။ 

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ် အစိုးရက လျစ်လျူရှုထားကြောင်း မကြာသေးမီရက်ပိုင်းအတွင်း စီးပွားရေး အသိုင်းအဝိုင်း၏ ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သူ FMI ဥက္ကဋ္ဌဦးသိမ်းဝေက ပြောဆိုလိုက်သည်။ အစိုးရအနေဖြင့် ငြိမ်းချမ်း ရေးကို ဦးစားပေးဆောင်ရွက်နေပြီး စီးပွားရေးမရှိပါက ငြိမ်းချမ်းရေးတွင်လည်း ရေရှည်မတည်တံ့နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်အချို့က ထောက်ပြမှုပြုလုပ်ခဲ့သည်။ အစိုးရသက်တမ်းတစ်နှစ်ကျော်ကြာမြင့်လာသော်လည်း စီးပွား ရေးတိုးတက်မှု နှေးကွေးနေခြင်းအပေါ် ဝေဖန်မှုများနှင့် မကြာခဏ ရင်ဆိုင်နေရသောကြောင့် နိုင်ငံတော်သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးနှင့် ဟင်္သာမီဒီယာမှထုတ်ဝေသည့် ဖက်ဒရယ်တိုင်းမ်ဂျာနယ်တို့ ဆက်သွယ်မေးမြန်းမှုများမှ ကောက်နှုတ်ဖော်ပြလိုက်ရပါသည်။

ဟင်္သာမီဒီယာ ။            ။ FMI ဥက္ကဋ္ဌက လက်ရှိ အစိုးရအနေနဲ့ မြန်မာ့စီးပွားရေးကို လျစ်လျူရှု ထားတယ်လို့ ပြောလိုက်တဲ့အပေါ်မှာ အစိုးရအ နေနဲ့ ဘာများတုံ့ပြန်ချင်ပါသလဲ။

ဦးဇော်ဌေး      ။            ။ နံပါတ် (၁)အနေနဲ့ ကျွန် တော်တို့ အစိုးရကို အခုလိုဝေဖန်တာ ပြောဆို တာနဲ့ပတ်သက်ပြီး ကြိုဆိုတယ်။ ဘာပဲပြော ပြော ကျွန်တော်တို့အနေနဲ့ ကြိုဆိုတယ်။ အဲဒီ လိုမျိုး ကျွန်တော်တို့ကို ပြောပါ ဆိုပါ ထောက် ပြပါ ကျွန်တော်တို့ ကြိုဆိုတယ်။ နံပါတ် (၂) အချက်ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အစိုးရအနေနဲ့ လုံးဝကြီးလျစ်လျူရှုထားတယ် တုံ့ဆိုင်းနေတယ်ဆိုတာတော့ မဟုတ်ဘူး။ ဘာ ကြောင့်လဲဆိုတော့ ဒီဘက်ပိုင်းမှာ ဘာလုပ်လဲဆို တော့ Investment Law ပြန်ပြင်တယ်။ နောက် ကျန်တဲ့ရင်းနှီးမြုပ်နှံမှု ပေါ်လစီပေါ့နော်။ အဲဒီပေါ်လစီကို ပြန်လုပ်ရတယ်။ အဲဒါတွေကို ပြန်လုပ်တဲ့ ကာလ။ အဲဒီနောက်မှာ ကျွန်တော်တို့ ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်လို့ ဦးစားပေး ဥပဒေ တွေ သတ်မှတ်တဲ့ဟာတွေ လုပ်နေတယ်ပေါ့။ အလားတူပဲ အကုန်လုံးကို Review ပြန် လုပ် တယ် Review ပြန်လုပ်ပြီးတော့ ပုံစံပြန်ချတဲ့ ကာလလေးကို အဲဒါလေးတွေတော့ ရှိတယ် ဒါ ကြောင့်မို့ လက်ခံတယ် သို့သော် မတရားကြီး အရမ်းကြီး လျစ်လျူရှုထားပါတယ်ဆိုတာတော့ မဟုတ်ဘူး။ သူ့ဟာနဲ့သူတော့ ပုံမှန်အတိုင်းသွား နေတာပေါ့နော်။ နောက်နံပါတ် (၃) အချက်က ဘာလဲဆိုတော့ ငြိမ်းချမ်းရေးပေါ့နော် ငြိမ်းချမ်း ရေးက ကိုယ်လုပ်နေတဲ့ကာလ ငြိမ်းချမ်းရေးရမှ ကျွန်တော်တို့စီးပွားရေးက ဖွံ့ဖြိုးတိုးတက်မှာပေါ့ နော်။ ဥပမာ ငြိ်မ်းချမ်းရေး မရရင် ဘာဖြစ်လဲဆို တော့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ၇၀ ရာခိုင် နှုန်းကျော်က တောင်သူလယ်သမားတွေဖြစ် တယ် အဲဒီတောင်သူလယ်သမားတွေ ထုတ်လုပ် လိုက်တဲ့ ထုတ်ကုန်က ဘယ်ရောက်လဲဆိုရင် အဓိကကတော့ တရုတ်ပဲ တရုတ်စျေးကွက်ကို အားထားတဲ့အတွက် တရုတ်-မြန်မာ နယ်စပ်မှာ လက်နက်ကိုင်တွေရှိတယ်။ အဲဒီတော့ မူဆယ်ကို ဝင်တိုက်တယ် မူဆယ်လမ်းကို ဖြတ်တောက် တယ် ကုန်ကားတွေကို တိုက်တယ် မီးတွေရှို့ တယ်။ အဲဒီလိုလုပ်တော့ ဘာဖြစ်လဲဆိုတော့ တကယ့်ကျွန်တော်တို့နိုင်ငံက တောင်သူလယ် သမားနဲ့ ကုန်သည်တွေ ဒုက္ခရောက်တယ်။ အခု မြန်မာနိုင်ငံကို ဖွံ့ဖြိုးချင်ရင် ရာခိုင်နှုန်း အများစု တောင်သူလယ်သမားတွေကို အလေးနက်ထား ရမယ် ရာခိုင်နှုန်း အနည်းစုတွေကို အလေးနက် မထားရဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ဒါပေ မယ့် ပိုမိုပြီးတော့ ရာခိုင်နှုန်းအများစုကို အလေး နက်ထားသင့်တယ်။ အဲဒီတော့ ဘာကြောင့်လဲ ဆိုရင် မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေး အခြေခံတဲ့နိုင်ငံဖြစ်တယ်။ ဒီခေတ်လည်း လယ် ယာစိုက်ပျိုးရေးပဲ အရင်ကလည်း လယ်ယာစိုက် ပျိုးရေးပဲ အဲဒီတော့ အများစုခေါ်နေတဲ့ စျေး ကွက်က တရုတ် အဲဒီတော့ တရုတ်နဲ့အများစု ကုန်သွယ်နေတာ၊ အဓိကက စိုက်ပျိုးရေးထွက် ကုန် အဲဒီတော့ လယ်သမားတွေဒုက္ခရောက်တယ် လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေလို့ လက်နက် ကိုင်အဖွဲ့တွေ အဲဒီမှာ ရှိနေလို့ ဒါက ကျွန်တော် တို့ဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်။ တစ်ခုနဲ့ တစ်ခုက ကျွန်တော်တို့ ဆက်စပ်နေတယ် နိုင်ငံရေး စီးပွား ရေး လူမှုရေး အကုန်လုံးက ဆက်စပ်နေတယ် အဲဒီတော့ ကဏ္ဍတစ်ခုတည်းကို ကျွန်တော်တို့က လုပ်လို့မရဘူး။ အဲဒီတော့ ကျွန်တော်တိို့က ငြိမ်း ချမ်းရေးလုပ်ရင်း ဖွံ့ဖြိုးရေးပါ တွဲလုပ်ရတယ်။ အဲ ဒါကြောင့်မို့လည်း ကျွန်တော်တို့ G to G ဖွဲ့ထား တယ်။ နိုင်ငံတကာအထောက်အပံ့တွေ ငြိမ်းချမ်း ရေးကို အထောက်အကူပြုအောင်လုပ်တယ်ပေါ့ နော်။ အဲဒီတော့ ကျွန်တော်တို့က တစ်ခုတည်းကို လုပ်နေတာမဟုတ်ဘူး။ ငြိမ်းချမ်းရေးလည်း အဓိကထားရမယ် စီးပွားရေးလည်းလုပ်ရမယ် ပေါ့နော်။ ဒါအခု ကျွန်တာ်တို့ လုပ်ကိုင်ဆောင် ရွက်နေတဲ့ အနေအထားပေါ့နော်။ နောက်နံပါတ် (၄) အချက်က ဘာလဲဆိုတော့ စီးပွားရေးလုပ် ငန်းရှင်တွေ ကုန်ထုတ်လုပ်မှုကို ဦးတည်ကြတယ်။ ဒီဘက်ပိုင်းမှာကြတော့ ဘာဖြစ်လာလဲဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေက အားလုံးတန်းတူ ယှဉ်ပြိုင်ရတယ်။ ယှဉ်ပြိုင်ပြီး လုပ်ကိုင်တဲ့ အခြေ အနေမှာ ကျွန်တော်တို့ တကယ့်ကို ကုန်ထုတ် လုပ်မှုလုပ်ငန်းတွေမှာ ဘယ်သူတွေ အများကြီး လုပ်နိုင်သလဲ။ လက်ချိုးရေလို့ ရတယ်ပေ့ါနော် အဲပေါ်မှာ နိုင်ငံရဲ့ ကြီးကျယ် ကြွယ်ဝချမ်းသာမှုက ဒီနိုင်ငံရဲ့ အကျိုးဖြစ်ထွန်းမှုဆိုတာနဲ့ သူတို့ အကျိုး တွက်ပါဆိုရင် ကျွန်တော်တို့ ကုန်ထုတ်လုပ်မှုကို သွားကို သွားရမယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ လုပ်တဲ့ကုန်ထုတ်လုပ်မှုနဲ့ ပြည်တွင်း လုပ်ငန်းရှင် တွေလုပ်တဲ့ ကုန်ထုတ်လုပ်မှုနဲ့က မတူဘူးပေါ့ နော်။ ဒီက လူတွေက ပိုသိတယ် အခက်အခဲတွေ ဘယ်လိုရှိတယ် စိန်ခေါ်မှုတွေ ဘယ်လိုရှိသလဲ။ အောင်မြင်အောင် ဘယ်လိုလုပ်မလဲသိတယ်။ အဲဒီတော့ အစိုးရက ဘာပဲ လုပ်ရလဲဆိုရင်အခွင့်အလမ်းတွေပဲလုပ်ပေးရတယ်။ အခွင့်အလမ်းဆို တဲ့နေရာ တန်းတူရည်တူ ယှဉ်ပြိုင်နိုင်တဲ့ အခွင့် အလမ်းတွေ ဖန််တီးပေးရမယ် ဟိုအရင်ခေတ်က လို ရော့ ဒီလူလုပ် ဟိုလူလုပ်ဆိုပြီးတော့ ပေးလို့ တော့ မရဘူး။ အခွင့်အလမ်း ဖန်တီးတဲဲ့ နေရာမှှာ ပြိုင်ဆိုင်မှုတွေရှိတဲ့နေရာမှာ ပြည်တွင်း လုပ်ငန်း ရှင်တွေတင်မက ပြည်ပလုပ်ငန်းရှင်တွေရဲ့ ပြိုင် ဆိုင်မှုတွေကတော့ ကြုံမှာပဲ ကျွန်တော်တို့ ဒီ ဘက်မှာလုပ်နေတာက စျေးကွက် စီးပွားရေးစနစ် ကို ပီပြင်အောင်လုပ်မယ်ဆိုပြီး လုပ်နေတာဖြစ် တယ် ကျွန်တော်တို့က အခွင့်အလမ်းတွေဖန်တီး ပေးတယ် ဥပဒေတွေ ပြဋ္ဌာန်းပေးတယ််။ ဒီပေါ်မှာ တတ်နိုင်တယ်၊ လုပ်ကိုင်နိုင်တဲ့ စီးပွားရေးသမား တွေက လုပ်ကြကိုင်ကြဖို့တော့ လိုတာပေါ့ နောက် ကျွန်တော်တို့ကလည်း တွန်းအားပေးနေ တယ် ဒုသမ္မတဆိုလည်း လုပ်ငန်းရှင်တွေနဲ့ ပုံမှန် တွေ့ဆုံပြီးတော့ နားထောင်တယ် သူတို့ လိုအပ် ချက်တွေကို ဖြည့်ဆည်းပေး နေတယ်။ ဆိုလို တာက နောက်ဆုံးအချက် နံပါတ်(၅)အချက်က ပြန်ခြုံငုံတာပေါ့နော် စီးပွားရေးကို လုံးဝ လျစ် လျူထားတာတော့မဟုတ်ဘူး။ လျစ်လျူထား တယ်ဆိုရင် ကျွန်တော်တို့ ဒီအချိန်မှာ အကုန်လုံး က တိုးတက်မှု ဆုတ်ယုတ်နေပြီ။ ဒါလေးတွေကို တော့ ကူးပြောငး်ရေးကာလမှာ နားလည်ထား သင့်တယ်။ နားလည်ထားတယ်ဆိုရင် ပေါ်လာတဲ့ အခွင့်အလမ်းတွေ ပြင်လိုက်တဲ့ ဥပဒေတွေကနေ ပြီးတော့ တန်းတူရည်တူပေါ့နော် အလုပ်အကိုင် အခွင့်အလမ်းတွေ ဝန်ဆောင်မှုလုပ်ငန်းတွေတိုးချဲ့ ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်တော့ ပြော ချင်တယ်။

ဟင်္သာမီဒီယာ  ။          ။၂၀၁၅ ရွေးကောက်ပွဲကာလ ကနေစပြီး လက်ရှိ တစ်နှစ်ကျော်သက်တမ်း အထိ မြန်မာနိုင်ငံရဲ့ စီးပွားရေးက သိသိသာသာ တိုးတက်လာတာမရှိသေးသလို နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေလည်း လျော့ကျလာတယ်လို့ပြောတဲ့ အပေါ်မှာရော ဘာများပြောချင်ပါသလဲ။

   ဦးဇော်ဌေး    ။              ။ ပြောချင်တာက ကမ္ဘာရဲ့ စီးပွားရေးပုံသဏ္ဌာန်ပြောင်းလာတယ်၊ Market (စျေးကွက်) က ပြောင်းသွားပြီ၊Export(ပို့ကုန်) ဆိုတာမရှိတော့ဘူး၊ လွတ်လပ်စွာကုန်သွယ်မှု ဆိုတာ နိဂုံးပိုင်းကိုရောက်နေပြီ၊ ဒါကကုန်သွယ်မှု။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ပြန် ကြည့်လိုက်ရင် အမေရိကန်က သူ့ရဲ့ ဂူဂယ်အက်ပဲ ပေါ့၊ ကျန်တဲ့ဟာတွေအားလုံးကို ပြည်တွင်းကို ပြန်လာခိုင်းနေတယ်၊ ပြည်ပကိုရင်းနှီးမြှုပ်နှံလုပ်တယ်ဆိုရင် အဲဒီပြည်ပကထုတ်တဲ့ ကုန်ပစ္စည်းသူ့ နိုင်ငံကိုဝင်တယ်ဆိုရင် အခွန် ၂၀ ရာခိုင်နှုန်းတိုး ကောက်တယ်၊ လုပ်တဲ့ပုံကိုပြောချင်တာက ပြည်ပမှာရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေ အထဲပြန်ရောက်အောင်လုပ်တာ။ အီးယူဆိုရင်လည်း ဗြိတိန်ကနေနှုတ်ထွက်တယ်၊ အနောက်နိုင်ငံတွေမှာ အခုလို နိုင်ငံကြီးတွေက နှုတ်ထွက်တယ်ဆိုတဲ့ပုံစံမျိုးတွေ သွားနေတယ်၊ နိုင်ငံတွင်းကို ပြန်သွားနေကြတယ်၊ အာဆီယံက ဖြန့်ပြီးသွားနေတဲ့အချိန်မှာ အီးယူနိုင်ငံတွေက အတွင်းဘက်ကိုပြန်သွားနေကြတယ်။ နောက် တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ဘဏ္ဍာရေးပါဝါက အရှေ့ဘက်ကို ရောက်လာတယ်။ အာရှမှာဆိုရင် တကယ်တမ်းရင်းနှီးမြှုပ်နှံနိုင်တာက တရုတ်ပေါ့။ အများဆုံး ရင်းနှီးမြုပ်နှံသူပေါ့နော်။ တကယ်တမ်း က တရုတ်က Quantity Control ကို သွား တယ်တယ်ပေါ့နော်။ တရုတ်ရင်းနှီးမြှုပ်နှံမှုများတဲ့ နေရာတွေကို နိုင်ငံတကာမှာ ပြန်ကြည့်ရင် လမ်း ပန်းဆက်သွယ်ရေး ဘာတွေ များတယ်ပေါ့နော်။ ဒါပေမယ့် ဒီဘက်ခေတ်မှာက EIA၊ SIA တွေ လုပ်လာတော့ ပေါပေါပဲပဲ ရင်းနှီးမြှုပ်နှံမှုတွေက ဝင်ဖို့မလွယ်တော့ဘူးပေါ့နော်။ ဒီအပေါ်မှာလည်း မြန်မာနိုင်ငံဘက်က အပြောင်းအလဲပေါ်ကြည့်ပြီး တရုတ်ဘက်က ပေါ်လစီပေါ့နော် ပြောင်းလဲမှုတွေ လုပ်နေတယ်။ ဒါမျိုးတွေဖြစ်လာတော့ ထုတ်ကုန် အခြေပြု စီးပွားရေးဖွံ့ဖြိုးမှုကို မသွားတော့ဘူးပေါ့ နော်။ အဲဒီတော့ ကမ္ဘာ့စီးပွားရေး အခင်းအကျင်း ကလည်း ပြောင်းလဲလာတဲ့အခြေအနေနဲ့ သွား ကိုက်နေတယ်။ ဒီအထဲမှာလည်း ကျွန်တော်တို့က ကုန်ထုတ်လုပ်မှုတွေ တိုးမြှင့်လာအောင်လုပ်နေ တာပဲ။ Investment တွေကိုလည်း ဖိတ်ခေါ်နေ တာပဲ။ သို့သော် ပြောင်းလဲလာတဲ့ နိုင်ငံတကာ အနေအထားနဲ့ သွားကိုက်နေတယ်။ စီးပွားရေး က ပြန်လည်ပြင်ဆင်ဆဲကာလမှာ ဒီအနေအ ထားလေးတွေတော့ရှိမှာပဲ။ အစိုးရအနေနဲ့လည်း ဒါကို အလေးအထားဆောင်ရွက်နေတယ်လို့ပြော ချင်ပါတယ်။

ဟင်္သာမီဒီယာ ။          ။ အကယ်၍ လက်ရှိ အစိုးရဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကအောင် မြင်ခဲ့မယ်ဆိိုရင်တောင်မှ စီးပွားရေးမရှိရင် ရေ ရှည်မတည်တံ့နိုင်ဘူးလို့ပြောတဲ့အပေါ်မှာရော ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

  ဦးဇော်ဌေး   ။             ။ ကျွန်တော်တို့က ငြိမ်း ချမ်းရေးချည်းပဲ လုပ်နေတာမဟုတ်ဘူး။ ငြိမ်းချမ်း ရေး ဦးစားပေးလုပ်နေတာ။ ပြီးခဲ့တဲ့ ဦးသိန်းစိန် လက်ထက်မှာ NCA ကိုဦးစားပေးလုပ်ခဲ့တယ် အဲဒီပြီးခဲ့တဲ့ ငါးနှစ်ရဲ့ ရလဒ်မှတ်တိုင်က ဘာလဲဆို တော့ NCA ပဲ။ NCA ဆိုတာက တစ်နိုင်ငံလုုံး အပစ်ခတ်တိုက်ခတ်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ထိုးတဲ့ဟာ အဲဒါက အကုန်လုံးမပါဘူး ဒီဘက်အစိုးရကြတော့ဘာဖြစ်လဲဆိုတော့ NCA ကိုလည်းဆက်မိတယ်။ NCA က ထွက်လာတဲ့ လမ်းပြမြေပုံရှိတယ်။အဲဒီလမ်းပြမြေပုံကနေ နိုင်ငံ ရေးဆွေးနွေးပွဲကို သွားတယ်။အဲတော့ ဒီနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် ပြည်တွင်းလက်နက်ကိုင် ပဋိက္ခတွေ ဖြေရှင်းတဲ့နေရာမှာ နိုုင်ငံရေးစားပွဲဝိုင်း ကနေ ကျွန်တော်တို့ အစိုးရကဖြေရှင်းနေတာ ဖြစ်တယ်။ နိုင်ငံရေးစားပွဲဝိုင်းကိစ္စက ဒီအစိုးရ လက်ထက်မှာမှ သေချာလုပ်ရတာ၊ အရင်ကလုပ် ခဲ့တာက NCAနဲ့လုပ်ခဲ့ရတာ။ အခုဟာက NCA ကိုလည်းတစ်ချိန်တည်းမှာလုပ်နေတယ်၊ cease fire အပစ်အခတ်တိုက်ခိုက်ရေးဆိုင်ရာ ရပ်ဆိုင်း ရေးရအောင်လည်း ဆွေးနွေးနေရတယ်။ တစ်ချိန် တည်းမှာပဲ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်နေတယ်။ နိုင်ငံရေးဆွေးနွေးပွဲ ဒီမိုကရေစီဖက်ဒရာယ် ထူ ထောင်ဖို့ အရေးကြီးတဲ့အခြေခံမူတွေ အုတ်မြစ် တွေချနိုင်ဖို့ လုပ်နေတယ်။ တစ်ချိန်တည်းမှာပဲ ဒီဟာတွေငြိမ်းချမ်းလာတာနဲ့ ဖွံ့ဖြိုးတိုးတက်မှုက တစ်ခါတည်း ပါလာတယ်။ ဥပမာ- မြန်မာနိုင်ငံ တောင်ပိုင်းကြည့်လိုက်ရင် ငြိမ်းချမ်းရေးရဲ့ အကျိုး ဆက်။ ငြိမ်းချမ်းတာ ကောင်းလားဆိုရင် ကောင်း တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လည်း အ ထောက်အကူပြုတယ်။ ခုနကပြောတဲ့ ငြိမ်းချမ်း ရေးကိုပဲ စောက်ချလုပ်ဖို့ ပြောလိုက်တာ မဟုတ် ဘူး ကျွန်တော်ပြောပြီးပြီ။

ဟင်္သာမီဒီယာ  ။           ။ ဒါနဲ့ပတ်သက်ပြီးတော့ ဆရာ ဘာများသုံးသပ်ပြောစရာရှိပါသလဲ။

 ဦးဇော်ဌေး ။   ။ စီးပွားရေးပညာရှင်တွေ စီးပွား ရေးလုပ်ငန်းရှင်တွေကတော့ စီးပွားရေးရှုထောင့် အရပဲ မြင်ကြတာပေါ့နော်။ သို့သော်နိုင်ငံကိုတာဝန်ယူနေရတဲ့ခေါင်းဆောင်တွေကတော့ စီးပွား ရေးတစ်ခုတည်း ကွက်ကွက်လေးကြည့်လို့မရဘူး ပေါ့နော်။ နိုင်ငံသူနိုင်ငံသားတွေရဲ့ အရေးကိစ္စ အားလုံးကိုကြည့်ရတာ။ ဒီမှာ ကျွန်တော်တို့လုပ်နေ တာကအစိုးရသွားနေတာက Peace Process သည်ဒီမိုကရေစီဖြစ်တယ်။ ပြီးတော့ ငြိမ်းချမ်း ရေး သာယာဝပြောရေး နောက် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး ဒီသုံးချက် ကိုဆောင်ရွက်နေတာဖြစ်တယ်။ ဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော်တို့ တစ်ခုနဲ့တစ်ခုက ဆက် စပ်နေတယ်။ တစ်ခုတည်းကွက်လုပ်လို့မရဘူအားလုံးကဆက်စပ်နေတာ။ အားလုံးကဆက် စပ်နေတယ်ဆိုတာက ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုတည်းပေးလိုက်ရင်တောင်မှ ခုနက ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးဟာတွဲပါလာတယ်။ အဲဒီတော့ ပြော ချင်တာက ဒီသွားနေတဲ့ဖြစ်စဉ်ကို အလေးထား ပြီးမြင်အောင်ကြည့်သင့်တယ်။ အခွင့်အလမ်း ဟာတော့ အခွင့်အလမ်းပါပဲ။ ဥပမာဗျာ ဆန်ရှင် မရှိတော့ဘူူး။ အမေရိကန် ဆန်ရှင် ဥရောပဆန် ရှင်မရှိတော့ဘူး။ ဟုတ်ပြီ ဒီဆန်ရှင်ကနေ ပြီးတော့ USP ဆိုပြီးတော့ အမေရိကန်ကပေး တယ်။ USP ကုန်သွယ်မှုအထူး အခွင့်အရေး ပေးတယ်။ ဆန်ရှင်တွေမရှိတော့ဘူး။ USP ရ တယ်။ ကုန်သွယ်မှုအထူးအခွင့်အရေးတွေပေးတယ်။ အစိုးရရဲ့ အလုပ်က အခွန်ရဖို့လုပ်ရတယ်။ လုပ်ငန်းရှင်တွေပြောတယ် အခွန်ကနေ ဖန်တီး ပေးပါ။ ဖန်တီးပေးတယ်ပေါ့နော်။ ဖန်တီးပေးတဲ့ အခွင့်အလမ်းတွေကိုလုပ်ငန်းရှင်တွေက လုပ်နိုင် ဖို့လိုတယ်။ အဲဒီတော့ ဆန်ရှင်တွေမရှိတော့ဘူး ကုန်သွယ်မှု အထူးအခွင့်အရေးတွေရတယ် အဲဒီ အချိန်မှာ ကုန်သွယ်မှုတွေတက်လာဖို့ ပို့ကုန် တွေ ထုတ်ကုန်တွေ တိုးတက်လာ ကြိုးပမ်းဆောင် ရွက်ဖို့လိုတယ်။ အစိုးရကအားလုံးကို အသေး စိတ်ပေါ့နော် ထိန်းနေတာမဟုတ်ဘူး။ မူဝါဒကို ထိန်းတယ်။ မူဝါဒအပြောင်းအလဲအနေနဲ့ အခွင့် အလမ်းတွေ ဖန်တီးတယ်။ နောက်တစ်ချက်က အခွင့်အလမ်းတွေဖန်တီးပေးတယ်။ အဲဒီတော့မှ အားလုံးကပြိုင်ဆိုင်ပြီးလုပ်ကိုင်ကြတာပေါ့။ ဘာ ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့သဘာက တန်းတူလာ တယ်။ တန်းတူလာတော့ ပြီးခဲ့တဲ့ တပ်မတော် အစိုးရလက်ထက်မှာ အထူးအခွင့်အရေးတွေ ယူပြီးတော့ လုပ်ကိုင်လာတယ်။ အဲဒီလိုလုပ်ကိုင် လာပေပြီး သူတို့သာ ချမ်းသာကြွယ်ဝသွားကြ တယ် ပြည်သူဘယ်နှယောက်ကို အလုပ်ကိုင်ပေး ပြီလဲ။ အဲဒီတော့ ဟိုအရင်တုန်းက နို့သက်ခံပြီး တော့ လုပ်ကိုင်လာတဲ့ လုပ်ငန်းသဘောသဘာဝ က အမြစ်တွယ်နေတယ် အစိုးရ အခွင့်အရေးပေး မှ လုပ်ကိုင်နိုင်တယ်ဆိုတဲ့အတွေးတွေကိုပြောင်း လဲသင့်ပြီပေါ့နော် ကျွန်တော့်အမြင်က နောက် ဥပမာ ဘာကြောင့်လဲဆိုရင် တောင်ကိုရီးယားမှာ အဲဒီလိုပဲ အစိုးရကနေ အခွင့်ထူးတွေဖန်တီးပေး တယ် လုပ်ငန်းရှင်ကြီးတွေက လုပ်ကိုင်ကြတယ်။ ဒေဝူးတို့ ဆမ်ဆောင်းတို့စသဖြင့်ပေါ်ပေါက်လာ တယ်။ နောက်တော့ ခေတ်ပြောင်းလာတဲ့အချိန် မှာ အာဏာရှင်တွေကနေပြီးတော့ လူ့အခွင့်အ ရေးကို လုပ်ကိုင်လာတဲ့အချိန်မှာ ပြိုင်ဆိုင်ပြီး တော့ လုပ်ကိုင်နိုင်တဲ့အနေအထားကို ရောက်ရှိ လာတယ်ပေါ့နော်။ ဆမ်ဆောင်းတို့ဘာတို့ဆိုတာ ကလည်း တစ်ချိန်တုန်းက တကယ့်ကို အခွင့်ထူး ခံနဲ့ လုပ်ကိုင်ခဲ့တဲ့အဖွဲ့တွေပဲ သို့သော် ကျွန်တော် တို့ ဒီနိုင်ငံမှာကြတော့ အဲဒီလိုမျိုးပြောင်းမသွားနိုင်ဘူး။ ဘာကြောင့်လဲဆိုတာလည်း အကုန်လုံး က ပြန်စဉ်းစားဖို့လိုတယ် အစိုးရက မူဝါဒလုပ် တာကိုင်တာ မူဝါဒပြောင်းလဲပေးမယ် အခွင့်အ လမ်းတွေ ဖန်တီးပေးမယ့်အပေါ်မှာ လုပ်ငန်းရှင် ကြီးတွေက အပြိုင်အဆိုင်လုပ်ကိုင်ကြရမယ် ပြိုင်ဆိုင်တဲ့နေရာမှာ ပြည်တွင်းမှာပဲ မဟုတ်ဘဲ ပြည်ပနဲ့ပါ ပြိုင်ဆိုင်ပြီးတော့ လုပ်ကိုင်နိုင်ရမယ် အဲဒါပဲ ပြောချင်ပါတယ်။