နှလုံးသားရဲ့ ပဲ့ကိုင်ရှင်

ဇာတ်လမ်းအကျဉ်း

အချစ်တွင် အသက်အရွယ်က အရေးမကြီးဘဲ အချစ်စစ် အချစ်မှန်သာဖြစ်ရန်လိုအပ်သည့်အကြောင်းကို ဇာတ်အိမ်ကောင်းကောင်းလေးရိုက်ကူးတင်ပြထားသည့် ဇာတ်ကားတစ်ကားဖြစ်ပါသည်။

သမီးနှစ်ယောက်၏ အိမ်ထောင်ရေးကောင်းမွန်ရန် ယောင်္ကျားကောင်းများရရန် မျှော်လင့်နေသည့် ဖခင်တစ်ယောက်၏ မေတ္တာစေတနာ၊ ယောက္ခထီး၏ ထင်မြင်ယူဆချက်၊ သားသမက်များနှင့် ယောက္ခထီးအဆင်ပြေပါ့မလား၊ သမီးနှစ်ယောက်၏ အိမ်ထောင်ရေး သာယာပါ့မလား

တကယ်တော့  အိမ်ထောင်ရေးအဆင်ပြေရန်အတွက် အချစ်စစ် အချစ်မှန်သာလိုအပ်ကြောင်း “နှလုံးသားရဲ့ပဲ့ကိုင်ရှင်” ဇာတ်လမ်းတွဲတွင် ကြည့်ရှုခံစားနိုင်ပါသည်။

“နှလုံးသားရဲ့ ပဲ့ကိုင်ရှင်” တရုတ်ရုပ်သံဇာတ်လမ်းတွဲကို MRTV News Channel တွင် ပြသလျက်ရှိရာ အပတ်စဉ် ကြာသပတေး၊ သောကြာနေ့တိုင်း ည (၉း၁၅)တွင် ကြည့်ရှုနိုင်ပါသည်။