မေတ္တာမျဉ်းပြိုင်

ဇာတ်လမ်းအကျဉ်း

မိဘနှင့် သားသမီး၊ ဇနီးနှင့် ခင်ပွန်း၊ မြေးနှင့် အဖိုးအဖွား တို့ကြားထားရှိသော မေတ္တာတရားကို ဖော်ညွှန်းပြသ သရုပ်ဖော်ထားသော ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါသည်။

ယင်းဇာတ်လမ်းတွဲတွင် မြို့ပြနေ ပညာတတ်မိသားစုနှင့် ကျေးလက်နေ မိသားစုတို့မှ လူငယ်နှစ်ဦးပေါင်းဖက်ပြီး မွေးဖွားလာသော မြေး(ယောင်္ကျာလေး)ကို သားအချစ် မြေးအနှစ် ဆိုသကဲ့သို့ အပြိုင်အဆိုင် အချစ်ပြိုင်ရာ နှစ်ဘက်အဖိုးအဖွားတို့အကြား အမြင်မတူရာမှ ဖြစ်ပေါ်လာသော ပဋိပက္ခများကို အခြေခံရိုက်ကူးထားသော ပျော်ရွှင်ကြည်နူးဖွယ် ဇာတ်လမ်းတွဲဖြစ်ပါသည်။

“မေတ္တာမျဉ်းပြိုင်” တရုတ်ရုပ်သံဇာတ်လမ်းတွဲကို MRTV News Channel တွင် ပြသလျက်ရှိရာ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တိုင်း ည ၁၀း၀ဝတွင် ကြည့်ရှုနိုင်ပါသည်။