အေးအတူ ပူအမျှ

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းတွင် မိသားစုအတွင်း လမ်းမှားရောက်နေသော အိမ်သူ အိမ်သားများ၏ ပြဿနာပေါင်းများစွာကို အတူတကွ ရင်ဆိုင်ဖြေရှင်း ခံစားကြရသည့် အိမ်ရှင်မ (၃)ဦး၏ ဘဝကို ရိုက်ကူးထားပါသည်။ အခက်အခဲဒုက္ခ ပြဿနာများကို မတိမ်းရှောင်ပဲ ရဲရဲဝံ့ဝံ့အတူတကွ ဖြေရှင်းရာမှ နောက်ဆုံးတွင် ဘ၀၏သစ္စတရားကို ပြန်လည်တွေ့ရှိကာ ပန်းတိုင်သို့ရောက်အောင် စည်းလုံးညီညွတ်စွာ ပြန်လည်ထူထောင်ကြပုံကို ဖော်ပြထားပါသည်။

“အေးအတူ ပူအမျှ” တရုတ်ရုပ်သံဇာတ်လမ်းတွဲကို MRTV News Channel တွင် မကြာမီပြသမည်ဖြစ်ရာ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တိုင်း ည ၁၀း၀ဝတွင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။