ခန်းဆောင်နီအိပ်မက်

တရုတ်ပြည်ချင်မင်းဆက် ကျိန်းလုံးမင်းလက်ထက် တရုတ်စာရေးဆရာကြီး ဆောင်ဇူချင်း ရေးသားခဲ့သော အလွန်ထင်ရှားသည့် (၁၈)ရာစု တရုတ်ဂန္ထဝင်ဝတ္ထုကြီးကို အခြေခံရိုက်ကူးထားသော ဇာတ်လမ်းဖြစ်သည်။ မူလအမည်မှာ " ကျောက်တုံး၏အတ္ထုပ္ပတ္တိ" ဖြစ်ပြီး မူရင်းစာရေးဆရာကြီး ဆောင်ဇူချင်း ကွယ်လွန်ပြီးနောက် စာရေးဆရာ ကောက်ကိုက ဖြည့်စွက်ရေးသားပြီး "ခန်းဆောင်နီအိပ်မက်" ဝတ္ထုကြီးဖြစ်လာသည်။ အဓိကဇာတ်ဆောင်များအဖြစ် မယ်မယ်ကြီး၊ နတ်ငှက်မယ်၊ မင်းသားပေါင်ယု၊ မင်းသမီးထိုက်ယု၊ မင်းသမီးပေါင်ချိုင်း တို့ပါဝင်ထားကြပြီး မင်းသား၊ မင်းသမီးများစွာ အားဖြည့်ရိုက်ကူးထားသည်။ ပဒေသရာဇ်စနစ်ကို မီးမောင်းထိုးပြထားသည့် ကြည်နူးဆွတ်ပျံ့ဖွယ် မေတ္တာဖွဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်သည်။အဆိုပါ တရုတ်ရုပ်သံဇာတ်လမ်းတွဲကို MRTV တွင် (၁၂.၈.၂၀၁၉)ရက်နေ့မှစတင်ပြီး အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့ ည (၇:၀၀)သတင်းအပြီးအချိန်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။