သပိတ်ကျင်းမြေငလျင်ကြောင့် သဖန်းဆိပ်ဆည် ထိခိုက်မှု တစ်စုံတစ်ရာမရှိ

သပိတ်ကျင်းမြေငလျင်ကြောင့် မြန်မာနိုင်ငံမှာ အကြီးဆုံးသဖန်းဆိပ်ဆည် ထိခိုက်မှု တစ်စုံတစ်ရာမရှိဘူးလို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် ခင်သူဇာကျော်က ဆက်သွယ်မေးမြန်းထားပါသည်။