အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်း ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ ဖွင့်လှစ်ထားရှိ

ကိုဗစ် ၁၉- ရောဂါ ဓာတ်ခွဲအတည်ပြုသံဃာတော်များ သီးသန့်ထားရှိ ရန်အတွက် အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ အဖြစ်ဖွင့်လှစ် ထားရှိကြောင်း သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်ကြီး ကိုဗစ်-၁၉ကုသရေးစင်တာ တာဝန်ခံ ဉီးသုခလှိုင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် သဇင်အောင်က ဆက်သွယ်မေးမြန်းထားပါသည်။