ကမ္ဘာ့ကပ်ကျော် ဆုတောင်းပြည့် ဝါးစေတီတော်မြတ်ကြီးအား နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့တွင် တည်ထားလျက်ရှိ

မြန်မာနိုင်ငံတွင် အကြီးဆုံးဝါးစေတီဖြစ်လာမည့် ကမ္ဘာ့ကပ်ကျော် ဆုတောင်းပြည့် ဝါးစေတီတော်မြတ်ကြီးအား နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့တွင် တည်ထားလျက်ရှိကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း နည်းပညာပြန့်ပွားရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်း ထားပါသည်။