သေဆုံးသူများမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် ရုပ်အလောင်းများ သယ်ယူရာတွင် အသုံးပြုသည့် Dead Body အိတ်များအား လှူဒါန်းပေးမည်

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေးအတွက် ရုပ်အလောင်းများသယ်ယူရာတွင် အသုံးပြုသည့် Dead Body အိတ်အလုံးရေ (၂၀,၀၀၀) စတင်မတည်ကာ မြို့ကြီး (၆) မြို့မှတစ်ဆင့် အခမဲ့ဖြန့်ဝေလှူဒါန်းပေးမည်ဟု နန်းလုအထည်ချုပ်စက်ရုံတည်ထောင်သူ ဒေါ်နန်းလု၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်းထားပါသည်။