စစ်ကိုင်းမြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်နှင့်အထက် အဘိုးအဘွားများကို ဩဂုတ်လ (၃) ရက်နေ့မှ စတင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်

စစ်ကိုင်းမြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်နှင့်အထက် အဘိုးအဘွားများကို ဩဂုတ်လ (၃) ရက်နေ့မှ စတင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးသွားမည်ဟု စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းစိန် ၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် ကြည်ပြာဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။