ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရေကြီးရေလျှံဖြစ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆) ခုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ်သိန်းပေါင်း (၆၄၀) ကျော် ထောက်ပံ့ထားပြီးဖြစ်

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရေကြီးရေလျှံဖြစ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆) ခုအား ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ်သိန်းပေါင်း (၆၄၀) ကျော် ထောက်ပံ့ထားပြီးဖြစ်ကြောင်း ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် ခင်သူဇာကျော်က ဆက်သွယ်မေးမြန်းထားပါသည်။