ငါးဖမ်းလုပ်သားများနှင့် အအေးခန်းစက်ရုံများတွင် အလုပ်လုပ်ကိုင်သည့် လုပ်သားစုစုပေါင်း (၂,၀၀၀)ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ငါးဖမ်းလုပ်သားများနှင့် အအေးခန်းစက်ရုံများတွင် အလုပ်လုပ်ကိုင်သည့် လုပ်သားစုစုပေါင်း (၂,၀၀၀) ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး၏ပြောကြားချက်အရသိရသည်။ မြန်မာ့အသံသတင်းထောက် ခင်ရူပါထွေးက ဆက်သွယ်မေးမြန်းထားပါသည်။