စစ်ကိုင်းခရိုင်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ဦးရေ (၈၉၀၀)ကျော်ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်

စစ်ကိုင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၅၂)ကျောင်းမှ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ (၈၉၀၀)ကျော်ကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမယ်လို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းထွန်းစိန်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် ကြည်ပြာဝင်းက ဆက်သွယ် မေးမြန်းထားပါသည်။