ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကူးစက်မှု အရှိန်လျော့ကျလာသည့်အတွက် YBS ယာဉ်လိုင်းများ ပိုမိုထွက်လာပြီး စီးနင်းသူခရီးသည်ဦးရေ တစ်နေ့လျှင် (၄)သိန်းကျော်ရှိလာ

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကူးစက်မှု အရှိန်လျော့ကျလာသည့်အတွက် YBS ယာဉ်လိုင်းများ ပိုမိုထွက်လာပြီး စီးနင်းသူခရီးသည်ဦးရေ တစ်နေ့လျှင် (၄)သိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်း ထားပါသည်။