အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိမှုအပေါ်မူတည်ပြီး အမြင့်ဆုံး ကျပ်သိန်း(၃၀၀) အထိ နိုင်ငံတော် မှ ဆုချီးမြှင့်ပေးသွားမည်နှင့်ပတ်သက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် မြန်မာ့အသံ သတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။