ယခုရက်ပိုင်း မြန်မာ့ထန်းလျက်ဈေးနှုန်းများ ကျဆင်းလာ

ထန်းပင်ပေါက်ရောက်မှုများသည့် အညာဒေသေများတွင် ထန်းရည်ကိုကြိုချက်ပြီးရရှိလာသည့် ထန်းလျက်ကို မြန်မာ့ရိုးရာစားစရာတစ်မျိုးအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိပြီး လက်ရှိတွင် ဈေးကွက်ကျဆင်းနေပြီး ယခင် ထန်းလျက် တစ်ပိဿာကို ငွေကျပ် (၃,၀၀၀)ကျပ်ထိရှိရာမှ ယခုလက်ရှိတွင် ငွေကျပ် (၂,၂၀၀)ကျပ်သာရှိသည်ဟု ညောင်ဦးမြို့နယ်မှ ထန်းတောင်သူ ဦးမောင်စန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် ကြည်ပြာဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။