နှစ်လွန်ကျောင်းထွက်လက်မှတ်ဖြင့်ကျောင်းအပ်နှံသည့်ကျောင်းသား၊ ကျောင်းသူများ ဘဏ်တွင် နှစ်လွန်ကြေး ကျပ်(၂၀၀) ပေးသွင်းရခြင်းကို ရပ်ဆိုင်းလိုက်သည်ဟု သင်္ဃန်းကျွန်းမြို့နယ်ပညာရေးမှူး ဦးသိန်းထွန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် သဇင်အောင်က ဆက်သွယ်မေးမြန်းထားပါသည်။