သမိုင်းသုတေသန ပညာရှင်များမှ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် နှင့်ပျူခေတ်အကြောင်း သမိုင်းဆိုင်ရာ စာအုပ်များရေးသား ထုတ်ဝေသွားမည်ဟု သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးအောင်မြင့်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် ခင်သူဇာကျော်က ဆက်သွယ် မေးမြန်းထားပါသည်။